လူကြီးမင်း၏ ဈေးဆိုင်၊ ကုန်စုံဆိုင် နှင့် အရောင်းလုပ်ငန်းများအတွက် အချိန်ကုန်သက်သာပြီး၊ အရှုံးအမြတ်ကို တိကျစွာ တွက်ချက်ပေးနိုင်မည့် Khit Thit POS ၏ အဓိက လုပ်ဆောင်ချက်များ လမ်းညွှန်ဖြစ်ပါသည်။
စာရင်းကိုင်နှင့် စီးပွားရေးအကြံပေး တစ်ယောက် သင့်ဘေးမှာ ရှိနေသလို ကူညီပေးမည့် စနစ်ဖြစ်ပါသည်။
"ဒီလ အရောင်းရဆုံး ၅ မျိုးက ဘာလဲ"၊ "မနေ့က အမြတ် ဘယ်လောက်ရလဲ" စသည်ဖြင့် ကိုယ်သိချင်တာကို မြန်မာလို ရိုက်ထည့်လိုက်ရုံဖြင့် AI က စာရင်းများကို ရှာဖွေပြီး ချက်ချင်း ဖြေကြားပေးပါမည်။
ဆိုင်တွင် ရောင်းမထွက်ဘဲ အောင်းနေသော ပစ္စည်းများ၊ ငွေအဝင်အထွက်များကို AI က သုံးသပ်ပြီး မည်သည့်ပစ္စည်းကို Promotion လုပ်သင့်သည်မှစ၍ အကြံဉာဏ်များ ပေးနိုင်ပါသည်။
လူရှုပ်နေချိန်တွင် အရောင်းဝန်ထမ်းများ အမြန်ဆုံး ငွေရှင်းနိုင်ရန် စီစဉ်ထားပါသည်။
Customer တစ်ယောက်က ပစ္စည်းထပ်ယူရန် အချိန်ကြာနေပါက၊ ၎င်း၏ဘေလ်ကို ခဏဆိုင်းထားပြီး နောက် Customer ကို ကြားဖြတ်၍ အရင်ရှင်းပေးနိုင်ပါသည်။
ဖုန်းကင်မရာ (သို့) Barcode Scanner များကို အသုံးပြု၍ ပစ္စည်းများကို အမြန်စကင်ဖတ် ရောင်းချနိုင်ပါသည်။
ငွေသား တစ်ဝက်၊ KPay တစ်ဝက် ရှင်းခြင်းမျိုးကို လွယ်ကူစွာ မှတ်သားနိုင်ပြီး၊ ကျန်ငွေရှိပါက အကြွေးအဖြစ် အလိုအလျောက် စာရင်းသွင်းပေးပါသည်။
ဆိုင်၏ 'အမှန်တကယ် အသားတင်အမြတ်' ကို ပိုင်ရှင်ကိုယ်တိုင် အချိန်မရွေး ကြည့်ရှုနိုင်ပါသည်။
ရောင်းရငွေထဲမှ ကုန်ကျစရိတ်၊ ပေးခဲ့သော Discount စသည်တို့ကို နှုတ်ပြီး၊ လက်ထဲ တကယ်ကျန်မည့် အသားတင်အမြတ် (Net Profit) ကို တွက်ပေးပါသည်။
မီတာခ၊ ဝန်ထမ်းလစာ၊ ဆိုင်လခ စသည့် အသုံးစရိတ်များကို အမျိုးအစားခွဲ မှတ်နိုင်ပြီး၊ ဘောက်ချာများကိုပါ ဓာတ်ပုံရိုက် သိမ်းထားနိုင်ပါသည်။ ဤအသုံးစရိတ်များကို အမြတ်ထဲမှ အလိုအလျောက် နှုတ်ပေးပါမည်။
စာရင်းများကို မိမိဆိုင် Logo ပါဝင်သော Professional PDF (သို့) Excel/CSV ဖိုင်များအဖြစ် ထုတ်ယူနိုင်ပါသည်။
ပစ္စည်းပျောက်ခြင်း၊ အမြတ်တွက်မှားခြင်းများကို အကောင်းဆုံး ကာကွယ်ပေးပါမည်။
၁ ဖာ = ၂၄ ဘူး စသဖြင့် သတ်မှတ်နိုင်ပြီး၊ ဘူးကို ဖတ်လျှင် ဘူးဈေး၊ ဖာကို ဖတ်လျှင် ဖာဈေး အလိုအလျောက် ကျပေးမည့် စနစ်ဖြစ်ပါသည်။
ကုန်ပစ္စည်းများစွာ ရောက်လာချိန်တွင် စာရင်းအမြန်သွင်းနိုင်ခြင်း နှင့်၊ ကုန်ဈေးနှုန်းများ အတက်အကျရှိချိန်တွင် ပစ္စည်းများစွာ၏ ဈေးနှုန်းကို တစ်ပြိုင်နက် အမြန်ပြင်ဆင်နိုင်ခြင်း။
ဒေါ်လာ၊ ဘတ် စသည့် နိုင်ငံခြားငွေဖြင့် ဝယ်လာသော ပစ္စည်းများအတွက် ငွေလဲနှုန်း အပြောင်းအလဲပေါ်မူတည်၍ အမြတ်ကို တိကျစွာ တွက်ချက်ပေးပါသည်။
ပစ္စည်းတစ်ခုကို ဈေးအမျိုးမျိုးဖြင့် အကြိမ်ကြိမ်ဝယ်ထားလျှင်တောင် အရင်ဝင်သောဈေးဖြင့် အရင်တွက်ပေးသဖြင့် အမြတ်စာရင်း လုံးဝတိကျပါသည်။
ပျက်စီး၊ သက်တမ်းကုန်၊ ပျောက်ဆုံး သွားသော ပစ္စည်းများကို အကြောင်းပြချက်နှင့်တကွ မှတ်တမ်းတင်နိုင်ပါသည်။
ဘောက်ချာများကို မိမိလိုသလို စိတ်ကြိုက်ထုတ်ယူနိုင်ပါသည်။
မြန်မာစာ Support မလုပ်သော Printer များတွင်ပင် ဆိုင် Logo၊ စာသားများဖြင့် လှပသေသပ်သော ဘောက်ချာ ထုတ်နိုင်ပါသည်။
Bluetooth Printer များအတွက် အမြန်ဆုံး Text Mode လည်း ပါဝင်ပါသည်။
မိမိပစ္စည်းများအတွက် Barcode များ (Code 13) ကို စနစ်မှ အလိုအလျောက် ဖန်တီးပေးပြီး Sticker လေဘယ်များ ထုတ်ယူနိုင်ပါသည်။
ဖောက်သည်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်။
ဖောက်သည်တစ်ဦးချင်းစီ၏ အကြွေးဝယ်ယူမှု သမိုင်းကြောင်းနှင့်၊ ငွေပြန်ဆပ်မှုများကို လွယ်ကူစွာ မှတ်သားနိုင်ပါသည်။
ဝယ်ယူမှုအပေါ်မူတည်၍ Point များပေးခြင်း၊ Point ဖြင့် ငွေပြန်လည် လျှော့ချပေးခြင်းများ ပြုလုပ်နိုင်ပါသည်။
မကြာခဏလာဝယ်သူ၊ ပုံမှန်ဝယ်သူ၊ လာမဝယ်တာ ကြာသွားသူ စသဖြင့် စနစ်မှ အလိုအလျောက် ခွဲခြားပြသပေးပါသည်။
အွန်လိုင်းမှ ရောင်းချသော လုပ်ငန်းများအတွက် အထူးသင့်လျော်ပါသည်။
မြို့နယ်အလိုက်၊ ကားဂိတ်အလိုက် (Zone) ပို့ခများကို ကြိုတင်သတ်မှတ်ထားနိုင်ပါသည်။
Delivery သမား (Lalamove, Grab စသည်) ပြန်လာအပ်သော COD ငွေများကို Invoice တစ်စောင်ချင်း လိုက်ရှင်းစရာမလိုဘဲ အစုလိုက် တစ်ပြိုင်နက် စာရင်းရှင်းနိုင်ပါသည်။
ဝန်ထမ်းများကို စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်။
ဝန်ထမ်းတစ်ဦးချင်းစီ ရောင်းရသော ပစ္စည်းများအပေါ် မူတည်၍ဖြစ်စေ၊ စုစုပေါင်း ရောင်းအားအပေါ် မူတည်၍ဖြစ်စေ ကော်မရှင်ကို အလိုအလျောက် တွက်ချက်ပေးပါသည်။
ဝယ်သူ၏ ဘေလ်ထဲမှ ပစ္စည်းတစ်ခုချင်းစီကို မည်သည့်ဝန်ထမ်းက ဝန်ဆောင်မှုပေးသည် (ဥပမာ - Salon/Spa) ဆိုတာကို ခွဲခြားမှတ်သားနိုင်ပါသည်။
သင့်လုပ်ငန်း၏ အရေးကြီးသော အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းရန်။
ဖုန်းဖွင့်တိုင်း App Lock PIN တောင်းခြင်း၊ Report နှင့် Setting များဝင်ရန် Admin PIN သီးသန့်ထားခြင်းများ ပြုလုပ်နိုင်ပါသည်။
မိမိ၏ စာရင်းဒေတာများကို ဖုန်းထဲတွင် အလိုအလျောက် Backup ယူပြီး Google Drive နဲ့ အခြားနေရာများတွင် လွယ်ကူစွာ သိမ်းဆည်းနိုင်ပါသည်။
စာရင်းဟောင်းများ ပြန်ကြည့်စနစ် (Archive View): အရောင်းအဝယ်မှတ်တမ်းများ လနှင့် နှစ်နှင့်ချီ၍ များပြားလာသောအခါ ဖုန်းမလေးစေရန် စနစ်မှ စာရင်းဟောင်းများကို အလိုအလျောက် ဖြတ်ချ (Trim) ပေးပါသည်။ ထိုသို့ ဖယ်ရှားလိုက်သော စာရင်းဟောင်းများကို လက်ရှိစာရင်းထဲသို့ ပြန်မရောသွားစေဘဲ (ရိုးရိုး Backup Restore လုပ်စရာမလိုဘဲ) လိုအပ်သည့်အချိန်တိုင်း သီးသန့် ပြန်လည်ဖွင့်ကြည့်နိုင်သော အထူးလုပ်ဆောင်ချက် ပါဝင်ပါသည်။
ကုန်ပစ္စည်းစာရင်းများကို ဖုန်းထဲတွင် တစ်ခုချင်း လိုက်ရိုက်နေစရာမလိုဘဲ Excel ဖိုင်ဖြင့် တစ်ပြိုင်နက်တည်း တင်သွင်း (Import) နိုင်ပါသည်။
လက်ကားဝယ်သူများနှင့် ဖြန့်ချိရေးကိုယ်စားလှယ်များအတွက် သီးသန့်ခွဲထုတ်ထားသော အရောင်းစနစ်ဖြစ်ပါသည်။
ပစ္စည်းတစ်ခုတည်းကိုပဲ Retail, Wholesale, VIP ဈေးနှုန်းများ ခွဲခြားသတ်မှတ်နိုင်ပြီး ရွေးချယ်မှုအပေါ်မူတည်၍ ဈေးနှုန်း အလိုအလျောက် ပြောင်းလဲပေးပါသည်။
ဖောက်သည်တစ်ဦးချင်းစီအတွက် သတ်မှတ်ဈေးနှုန်း (ဥပမာ- Wholesale သို့ VIP) ပုံသေချိတ်ဆက်ပေးထားနိုင်ပါသည်။
လက်ကားအရောင်းကောင်တာမှနေ၍ ငွေတချို့သာပေးချေခြင်း သို့မဟုတ် ငွေလုံးဝမပါဘဲ အကြွေးသီးသန့်ယူခြင်းများကို တိုက်ရိုက်လုပ်ဆောင်နိုင်ပါသည်။
ပိုမိုမြန်ဆန်ချောမွေ့သော ငွေရှင်းစနစ်အတွက် ပြင်ပ ဟာ့ဒ်ဝဲ ပစ္စည်းများကို ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
OTG Cable ဖြင့် USB Thermal Printer များချိတ်ဆက်ပြီး ဘေလ်များကို ချက်ချင်း ထုတ်ယူနိုင်ပါသည်။
ဘေလ်ထုတ်ပြီးတိုင်း ငွေသိမ်းပုံး (Cash Drawer) ကို အလိုအလျောက် ဖွင့်ပေးပါမည်။
ပြင်ပ USB Barcode Scanner (HID Keyboard Mode) များကို အသုံးပြု၍ ပစ္စည်းများကို အမြန် စကင်ဖတ် ရောင်းချနိုင်ပါသည်။
အင်တာနက်မလိုဘဲ မိမိဆိုင်အတွင်းရှိ Wi-Fi (LAN) ကွန်ရက်ဖြင့် ဖုန်း သို့မဟုတ် တက်ဘလက် စက်အများအပြားကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ကောင်တာစက် (Client) များမှ ရောင်းချလိုက်သော စာရင်းများ သို့မဟုတ် ပစ္စည်းအသစ်များအားလုံးသည် ပင်မစက် (Server) သို့ အလိုအလျောက် တိုက်ရိုက်ရောက်ရှိပြီး စက်အားလုံးသို့ အချိန်နှင့်တပြေးညီ စင့်ခ် (Sync) လုပ်ဆောင်ပေးပါသည်။
ပင်မစက်ကိုင်ဆောင်သူ (Server Operator) အနေဖြင့် ကောင်တာစက်အသစ်များကို လက်ခံခြင်း/ပိတ်ပင်ခြင်း၊ ချိတ်ဆက်ထားသောစက်များစာရင်းကို ကြည့်ရှုခြင်းနှင့် အသေးစိတ်လုပ်ဆောင်မှုမှတ်တမ်း (Activity Logs) များကို စောင့်ကြည့်နိုင်ပါသည်။
Wi-Fi ကွန်ရက် ခေတ္တပြတ်တောက်သွားသော်လည်း အရောင်းသမားများက ဆက်လက်ရောင်းချနိုင်ပြီး ကွန်ရက်ပြန်ရသည်နှင့် အလိုအလျောက် ချက်ချင်း စင့်ခ်ပြန်လည်ပြုလုပ်ပေးပါသည်။
Khit Thit POS ၏ အဆင့်မြင့်လုပ်ဆောင်ချက်များကို အခုပဲ စမ်းသပ်အသုံးပြုကြည့်လိုက်ပါ။ သင့်လုပ်ငန်းရဲ့ အရှုံးအမြတ်နဲ့ စာရင်းဇယားတွေကို အလွယ်တကူ စီမံခန့်ခွဲလိုက်ပါ။